Instructor
Khin Kye Sin
Founder at Business Intelligence - BI by Khin Kye Sin
About me
ကျွန်မ DKSH Finance မှာ အလုပ် စဝင်တဲ့နေ့ကို အခုထိ မှတ်မိပါသေးတယ်။
ပထမဆုံးနေ့ဖြစ်တဲ့အတွက် ကိုယ့် Senior အမ အလုပ်လုပ်တဲ့ဘေးမှာ သူဘာလုပ်လဲကို လေ့လာသင်ယူရုံပါပဲ။
ရုံးဆင်းချိန် ရောက်တော့ အိမ်ပြန်ရတော့မယ် ထင်ခဲ့ပေမယ့် မပြန်နိုင်ခဲ့ပါဘူး။လဆန်းရက်မို့ Report Deadline အမှီ တင်နိုင်ဖို့ Overtime တွေဆင်းပြီး Report တွေပြင်ဆင်ရမှာမို့ပါ။
ဒါ့အပြင် senior အမက maternity leave မယူခင် သေချာသင်ယူရမှာဖြစ်တဲ့အတွက် ပထမဆုံးနေ့ဖြစ်သော်လည်း overtime ဆင်းကို ဆင်းရပါတယ်။
ကျွန်မအတွက် အဲ့နေ့မှာ Seniorအမရဲ့ Desktop Computer က နာရီလေးကိုပဲ ကြည့်ရင်း အချိန်တွေ အမြန်ကုန်ပါစေလို့ ဆုတောင်းနေမိခဲ့ပါတယ်။
နောက်ပိုင်းတော့ လမကုန်ခင် ၄ ရက်လောက်နဲ့ လဆန်းပိုင်း ၄ရက်လောက်တွေဆို ကျွန်မလည်း ညစာပါ ထမင်းဘူးလေးထည့်ပြီး Report Deadlines တွေမှီအောင် Excel တွေနဲ့ အချိန်ကုန်ခဲ့ပါတယ်။
တစ်နှစ်ကျော် အလုပ်လုပ်ပြီးချိန် ၂၀၁၅ မှာတော့ ကျွန်မ နောက် company တခု Unilever မှာ Management Trainee အဖြစ် လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။
Management Trainees ရဲ့ အားသာချက်က မတူညီတဲ့ Functions တွေဆီမှာ assign ကျ လုပ်ကိုင်ခွင့်ရပါတယ်။ ဒီတခါတော့ ကျွန်မ Finance Function ကို ရှောင်ခွင်းပြီး လုပ်ကိုင်ခဲ့ပါတယ်။
Business Development လို Function မျိုးတွေနဲ့ Promotion Activities တွေ၊ Campaign တွေ၊ Schemes တွေ ချမှတ်ရတဲ့ Functions တွေမှာ လုပ်ကိုင်ခဲ့ပါတယ်။
သို့သော် ကျွန်မအနေနဲ့ Excel တွေ Number တွေ Overtime တွေ လုပ်ရတာတွေနဲ့တော့ မလွတ်မြောက်ခဲ့ပါဘူး။
လစဉ် မပြီးဆုံးနိုင်တဲ့ workshop တွေ၊ monthly meeting တွေ၊ review meeting တွေ အတွက် ပြင်ဆင်ရပြီဆို မိုးချုပ်မှ ရုံးဆင်း၊ ထမင်းစား ရေမိုးချိုးပြီး အလုပ်ဆက်လုပ်၊ စနေ တနင်္ဂတွေလည်း အလုပ်ဆက်လုပ်နဲ့ Excel တွေ၊ PowerPoint တွေနဲ့ အချိန်ကုန်ဆုံးခဲ့ရပါတယ်။
နောက်ပိုင်း Management Trainee Program ပြီးပြီး Analysis Manager အဖြစ် လုပ်ကိုင်ရတဲ့အခါ လည်း Reporting Department ကပို့ပေးပြီးသား Report ပေါင်းများစွာနဲ့တင် analysis လုပ်လို့မရဘဲ ကိုယ့်ဘာသာကိုယ် Raw Database ပဲယူပြီး Deep Dive Analyze လုပ်ရတဲ့အခါ Database ကြီးတဲ့အတွက် Excel Loading ဖြစ်နေတာနဲ့တင် အချိန်တွေ တော်တော်စားခဲ့ရပါတယ်။
ဒါကြောင့် Database များများကို Handle လုပ်နိုင်တဲ့ analysis software ကို Google မှာ လိုက်ရှာတဲ့အခါ Microsoft Power BI ကိုတွေ့ရှိခဲ့ပြီး လပေါင်းများစွာ Online Course တွေ join ၊ Self-Study လုပ်ခဲ့ပြီး အလုပ်မှာ ပြန်လည် အသုံးချနိုင်ခဲ့ပါတယ်။
Power BI မှာ Data Storage Engine ကြီးပါတဲ့အတွက် Data Row ပေါင်း သန်းချီထည့်ထားနိုင်ပြီး Report ပြင်ဆင် Analyze လုပ်နိုင်ပါတယ်။ ဒီထပ် ပိုကောင်းတာက ကိုယ် Analyze လုပ်ချင်တာတွေ၊ Report မှာ မြင်ချင်တာတွေကို ပထမဆုံးတခါ ပြင်ဆင်ပြီးတာနဲ့ နောင်လတွေ Data အသစ်တွေ ရှိလာတဲ့အခါ ကိုယ်အနေနဲ့ Data Refresh ဆိုတဲ့နေရာကို Click လုပ်လိုက်ရုံပါပဲ။
အရင်လို Report အတွက် ဘာအချိန်မှ ပေးစရာမလိုတော့သလို Analyze လုပ်တဲ့အခါလည်း Excel File တွေ ဟို File ဖွင့်လိုက် ဒီ File ကြည့်လိုက်နဲ့ လုပ်စရာမလိုတော့ပါဘူး။ Database ကြီးကိုထည့်ထားတဲ့အတွက် ကြိုက်တဲ့ Perspective - လုပ်ငန်း တခုလုံးနဲ့ ကြည့်မလား၊ Product Analysis/ Customer Analysis/ Territory Analysis အနေနဲ့ Base ထားပြီး ကြည့်မလား ကြိုက်သလို စိတ်က idea တွေ၊ Insight တွေ စဉ်းစားနိုင်တဲ့ အရှိန်နဲ့ Power BI က အမှီလိုက်နိုင်ပါတယ်။
ဒီလို Power BI ကို ကျွန်မ စတင်အသုံးပြုပြီး တစ်နှစ်ကျော်အကြာမှာ Power BI က အလွန် ခေတ်စားလာခဲ့ပြီး Company တခုလုံး ရဲ့ Function တိုင်းလည်း စတင်အသုံးပြုခဲ့ပါတယ်။ ကိုယ့်ရဲ့ Bosses တွေလည်း ကျွန်မဆီကနေ ပြန်လည် သင်ယူနိုင်ဖို့ တောင်းဆိုတဲ့အခါ ပျော်ရွှင် ဂုဏ်ယူမိသလို ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်များကလည်း meeting တွေအတွက် ပြင်ဆင်ရင် အရမ်းအဆင်ပြေသွားတာပဲလို့ ပြောတဲ့အခါ လည်း အလွန် ပီတိဖြစ်မိပါတယ်။
ဒီလိုနဲ့ ၂၀၂၀ နှစ်ဝက်လောက်မှာတော့ ကျွန်မ Corporate Life က ထွက်ခဲ့ပြီး Business Intelligence -BI By Khin Kye Sin Page ကို ဖန်တီးခဲ့ပြီး Power BI အကြောင်းကို Tutorial Videos များနဲ့ Sharing လုပ်ခဲ့ပါတယ်။
ကျွန်မရဲ့ ရည်ရွယ်ချက်ကတော့
""I help employees work smart by Power BI so that they can make their decision right and have success in their careers. Ultimately, they can save time for where it matters."