
Power BI ကို ဘယ်သူတွေ လေ့လာသင့်ပါသလဲ။
ဘာကြောင့် Power BI ကို လေ့လာသင့်ပါသလဲ။
Power BI ကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် တတ်မြောက်နိုင်ဖို့ လိုအပ်တဲ့ Mindset များကို sharing လုပ်လိုက်ပါတယ်။
Power BI ကို လေ့လာတဲ့အခါ ထိထိရောက်ရောက် ဖြစ်အောင် Study Tips လေး ပထမဆုံး Sharing လုပ်ပေးလိုက်ပါတယ်။
Power BI သင်ခန်းစာတွေ မလေ့လာခင် အရင်ဆုံး Power BI Software မိမိ Computer ထဲကို Download လုပ်ပါတယ်။
Note : Power BI မှာ Version Update အမြဲ ရှိသည်အတွက် သူရဲ့ ပုံစံအနေအထား၊ အရောင် color တွေက Tutorial Videos တွေအတိုင်း ထပ်တူမကျ မျိုးရှိတတ်ပါသည်။ သို့သော် အသုံးပြုမှုများ၊ အကျိူးသက်ရောက်များမှာ ပြောင်းလဲခြင်း မရှိပါ။
Power BI ကို တတ်မြောက်ဖို့အတွက် လေ့ကျင့်ဖို့ က အရေးကြီးဆုံးပါ။
Tutorials Video များ ကို လေ့လာရင်း အတူလေ့ကျင့်လိုရအောင် Video ထဲမှာ အသုံးပြုတဲ့ Files များကို Download လုပ်ပါ။
ဒီ video ထဲမှာတော့ ပထမဆုံး Power BI ရဲ့ချိတ်ဆက်မယ့် data source အကြောင်းကို လေ့လာသွားပါတယ်။
Data Source တွေက Company တွေရဲ့ System, Software တွေမှ Extract လုပ်ထားသော Excel Raw Files တွေ အနေနဲ့ ရှိနေပါတယ်။
များသောအားဖြင့် Excel Raw Files တွေက System ကနေ ဆွဲထုတ်ယူတဲ့ Data Files များဖြစ်ကြပါတယ်။
ဒီ exercises လေးကတော့ Master Data File လို့ခေါ်နိုင်မယ့် Excel Files တွေ ရဲ့ Data (ကုန်ကြမ်း) တွေ ကို Power BI ထဲ ထည့်သွင်းမှာပါ။
Excel Files တွေ နဲ့ Power BI ကို တိုက်ရိုက် ချိတ်ဆက်ကြပါတယ်။
ဒီ Video ထဲမှာ Folder တွေ နဲ့ ချိတ်ဆက်တာကို လေ့လာခဲ့ရမှာပါ။
Folders ထဲမှာ 2013 ကနေ 2016 May ထိ တနှစ်စီအတွက် Excel Files တွေ ရှိနေခဲ့ပါတယ်။
Video ထဲက Exercise အတိုင်း ကိုယ့် လုပ်ငန်းခွင်မှာ အမြဲမပြတ် update ရှိနေတဲ့ Transaction Files (eg. Sales Transactions) Excel Files တွေ ကို Folder ထဲမှာ ထည့်၊ Power BI နဲ့ ချိတ်ဆက်ပြီး Power BI Report တည်ဆောက်ထားမယ်။
ဥပမာ data က June ထိ update ရှိတာကို Power BI နဲ့ ပထမဆုံး Report တည်ဆောက်လိုက်မယ်။
နောက် လ July ရောက်တော့ July အတွက် Power BI Report ကို update လုပ်ရတော့မယ်ဆိုရင် July Excel Raw File ကို Folder ထဲ ထည့်ပြီး Power BI မှာ Refresh လုပ်လိုက်တာနဲ့ Report တွေက July data ထိ Auto update ဖြစ်သွားမယ်။
ဒါကြောင့် Power BI Report ပထမဆုံး တည်ဆောက်ပြီး နောင်အတွက် Data update လုပ်ရင် အလွန်လွယ်ကူအောင် Sales Transactions Files တွေကို Folder ထဲ ထည့်ပြီးမှ ချိတ်ဆက်တာပါ။
Query Editor ကနေ Data တွေကို ထည့်သွင်းနိုင်ရုံသာမက Data တွေ Column တွေ ကို သွားပြီး Edit လုပ်လို့ရပါသေးတယ်။ ကိုယ်ဆီမှာ Raw Data တွေ က တန်းပြီး Analyze လုပ်ဖို့ အချောသတ် မဖြစ်နေသေးရင်တောင် လိုအပ်သလို Edit လုပ် ပုံသွင်းလို့ရပါတယ်။
Card Visualization ဖန်တီးခဲ့ပါတယ်။
သူကို များသောအားဖြင့် Report / Analysis မှာ အရေးကြီး KPI များ ကို ထင်သာမြင်သာ ပိုရှိအောင်၊ Attention ပို ရအောင် အတွက် သုံးပါတယ်။
Line Chart သည်လည်း ကိုယ့်လုပ်ငန်း အခြေအနေ Trend ကို သိဖို့ အမြဲတမ်းလည်း အသုံးပြုတဲ့ Visualization Chart တခုပါ။
Line Chart သည်လည်း ကိုယ့်လုပ်ငန်း အခြေအနေ Trend ကို သိဖို့ အမြဲတမ်းလည်း အသုံးပြုတဲ့ Visualization Chart တခုပါ။
Stack Bar Visualization ကနေပြီးတော့ Data တွေ ကို Highest to Lowest အနေနဲ့ မြင်နိုင်ဖို့ စွမ်းဆောင်တဲ့အရာမှာ Professional ကျနေပြန် ပါတယ်။
Report တည်ဆောက်တာပဲ ဖြစ်ဖြစ် Analysis လုပ်တဲ့နေရာမှာ ပဲဖြစ်ဖြစ် Data တွေကို Slice and Dice ခွဲခြမ်းစိပ်ဖြာပြီး ကြည့်နိုင်ဖို့ အတွက် Filters တွေကလည်း လုပ်ဆောင်ပေးနေပါတယ်။
Power BI ရဲ့ Powerful ဖြစ်တဲ့ Visualization တွေမှာ Click လုပ်လိုက်တာနဲ့ Visualization တခုနဲ့တခု interaction ရှိပြီး Data တွေ ရှေ့သင်ခန်းစာမှာ ပြောခဲ့သလို Slice & Dice ခွဲခြမ်း စိတ်ဖြာနိုင်တာကို ထပ်မံပြီး ကိုယ်လိုသလို Slice & Dice လုပ်နိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ Edit Interaction
Power BI Report မှာ Text တွေလည်း ထည့်နိုင်ပုံကို လေ့လာမှာပါ။ Exercise လေးမှာ Title လေး ထည့်ပါတော့မယ်။
ဒီတခါ Power BI ရဲ့ Advanced Features လေး တခု “What If” ကို မိတ်ဆက်ခဲ့ပါတယ်။
Analysis လုပ်တဲ့အခါ တကယ့်လို့များ တခုခုတိုးလာရင် တခြားတခုမှာ ဘယ်လိုဖြစ်သွားနိုင်မလဲ ဆိုတာမျိုး တွေ ကို စဉ်းစားရပါတယ်။
ဒီ Video ထဲကနေပြီး တကယ်လို့များ ရောင်းနိုင်တဲ့ ပမာဏ Quantity တွေ တိုးပြီး ရောင်းတာပဲ ဖြစ်ဖြစ် လျော့ပြီး ရောင်းတာပဲ ဖြစ်ဖြစ် ဆိုရင် ဘယ်လို Sales Trend ဘယ်လိုဖြစ်နိုင်မလဲ ဆိုပြီး ဥပမာပေး လေ့ကျင့်သွားပါတယ်။
ဒီ ဥပမာ လေးကို အခြေခံပြီး ကိုယ့်လုပ်ငန်းခွင်မှာလည်း လိုအပ်တဲ့နေရာ အသုံးပြုနိုင်မှာပါ။
Drill Through လေးက လည်းPower BI ရဲ့ Advanced Features လေး တခုပါ။
သူရဲ့ လုပ်နိုင်စွမ်းကတော့ Report ဖန်တီးတာပဲ ဖြစ်ဖြစ် Analyze လုပ်တဲ့အခါ Summary ကြည့်လိုက် Detail ကြည့်ဖို့ လိုတဲ့အခါ Detail ကြည့်ဖို့ လုပ်လိုက် စသည်ဖြင့် ကိစ္စမျိုးတွေမှာ အလွန်အသုံးဝင်မှာပါ။
Tooltips လေး လည်း Drill Through လိုမျိုး အစွမ်းရှိတာမျိုးတာ။
ဒါပေမဲ့ သူကတော့ သူ Style လေးနဲ့ သူ ရှိနေပါတယ်။
Tooltips လေးပြီးရင် အောင်မြင်စွာ Professional Power BI Report လေး ဖန်တီးလို့ပြီးပါပြီ။
Power BI မှာ Report ဖန်တီးကြတဲ့အခါ Mouse ကို Click ထားမိတဲ့ ပေါ် မူတည်ပြီး မတူညီတဲ့ သက်ရောက်မှု လေးတွေ ရှိကြပါတယ်။
ဒီ သက်ရောက်မှု လေးတွေက Power BI စတင် လေ့လာသူများအတွက် အနည်းငယ် ခက်ခဲသလို ရှိလာတတ်ကြပါတယ်
Power BI ကို တချို့က ဒီလိုမျိုး တင်စားကြတာမျိုးတွေ ရှိပါတယ်။
"Use Power BI and Get Business Insights at your finger tips" လို့ ဆိုပြီးတော့ တင်စားကြတာပါ။
Power BI မှာက တကယ်ကို Perspective မျိုးစုံကနေ Slice and Dice - အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး Report ကို အလွန် လျှင်မြန်စွာ သုံးသပ်နိုင်ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က ကျွန်မလည်း အရင် Excel ကို သုံးရာကနေ/ အခြေအနေတွေ သုံးသပ် တင်ပြဖို့ Excel Files ပေါင်းများစွာက လှည့်ပတ်ပြီးကြည့်နေရာ ကနေ Power BI ကို စတင် အသုံးပြုခါစက ဒီလို သူရဲ့ လျှင်မြန်စွာ သုံးသပ်နိုင်တဲ့ Ability ကို အရမ်း သဘောကျ မိပြီး Report တခု သွက်သွက်လေး ပြင်၊
ပြင်ပြီးတာနဲ့ တခါတည်း ကျွန်မရဲ့ Boss တစ်ယောက်ကို သွားပြမိတာ ရှိခဲ့ပါတယ်။
အဲ့အချိန်မှာ ကျွန်မရဲ့ Power BI Report က Overall အနေနဲ့တော့ အဆင်ပြေပေမယ့် Visualization Charts နှစ်ခု လောက်က တော့ ကြည့်ရတာ အဆင်မပြေ ခဲ့ပါဘူး။
ဘာလို့ အဆင်မပြေခဲ့သလဲ ဆိုတော့ အခု Tutorial Video ထဲမှာ ပြသွားတဲ့ ပုံစံမျိုးကြောင့် အဆင်မပြေဖြစ်တာပါ။
Tutorial Video ထဲမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ အားလုံး သေချာ ကွက်ကွက် ကွင်းကွင်း မြင်အောင် ကိုယ် အဆင်မပြေခဲ့တဲ့ Visualization Charts နှစ်မျိုး ကို ပဲ Report ထဲမှာ ထည့်ထားပြီး ဖန်တီးထားပါတယ်။
ကျွန်မတုန်းက ဒီလို စ လေ့လာခါစ အချိန်မှာ ဒီလို အဆင်မပြေခဲ့တာကို ဖြေရှင်းဖို့ ရှာဖွေနေရတာနဲ့ ရက် အနည်းငယ် ကြာသွားခဲ့ပါတယ်။
ကျွန်မတုန်းကလို မလိုအပ်ဘဲ အချိန်တွေ မကြာသွားစေရအောင် Tutorial တခု အနေနဲ့ Sharing လုပ်လိုက်ပါတယ်။
Power BI Report တွေကို စတင် ဖန်တီးခါစမှာ ကြုံတွေ့တတ်တာ တခုက -
ကိုယ့်ရဲ့ Power BI Report ထဲမှာ ကိန်းဂဏ္ဍန်း တွေကို ဖော်ပြတဲ့အချိန် ကိုယ် လိုအပ်သလို ပုံစံနဲ့ ရဖို့ ဘယ်လို လုပ်ရမလဲ ဆိုတာပါပဲ။
တချို့သော Visualization Chart (ဥပမာ - Card ) တွေမှာ ကိန်းဂဏ္ဍန်း တွေက ပေါ်ရင် ကိန်းဂဏ္ဍန်း များရင် များသလို Auto တခါတည်း တန်းပြီး Millions တို့၊ Billions တို့နဲ့ တန်းပေါ်ကြတာမျိုးရှိကြပါတယ်။ အဲ့အချိန်မှာ ကိုယ်က ကိန်းဂဏ္ဍန်းကို အတိအကျ နဲ့ ဖော်ပြချင်တာမျိုးဆိုရင် ဘယ်လို ပြန်ပြောင်း ပြီး အတိအကျ ပေါ်အောင် လုပ်မလဲ။
တချို့ Visualization Chart တွေမှာကတေ့ာ ကိန်းဂဏ္ဍန်းတွေက အတိအကျ ပေါ်နေရင်လည်း ကိုယ်က ပြန်ပြီး Millions တို့၊ Billions တို့နဲ့ပဲ ပေါ်ချင် တာမျိုးရှိပြီ ဆိုရင်လည်း ဘယ်လို ပြုလုပ်နိုင်မလဲကို Sharing လုပ်လိုက်ပါတယ်ရှင့်။
Power BI မှာ Report Title ထည့်ပြီဆိုရင် နည်းနည်းလေး Challenges သဘောမျိုးရှိတဲ့ အရာလေးတွေ ရှိပါတယ်။
သူ့သဘောတရားလေး သိသွားရင်တော့လည်း အလွန် ရိုးရှင်း လွယ်ကူပြန်ပါတယ်။
Report တည်ဆောက်ပြီဆိုရင် Report Title ကတော့ အမြဲ မပါမဖြစ် ပါရှိရမှာ ဖြစ်တဲ့အတွက် ရိုးရှင်းတဲ့ အကြောင်းအရာ ဖြစ်သော်လည်း Power BI Report ကို စတင် ဖန်တီးသူများအတွက် ကြုံတွေ့တတ်တဲ့ အရာများ Tutorial Series မှာ သူကို လည်း Tutorial တခု အနေနဲ့ ဖန်တီးလိုက်ပါတယ်။
Power BI Report တွေ ကို စတင် ဖန်တီးခါစ မှာ ကြုံတွေ့ရတဲ့ အရာ တခုကလည်း Chart တွေမှာ Axis Name တွေ သေချာ အပြည့် ပေါ်မနေ ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် စာတန်း ရှည်တဲ့ Axis Name တွေပါ။
ဒီလိုမျိုး ဖြစ်တတ်တာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်း (၃) နည်းကို ဖော်ပြလိုက်ပါတယ်။
ဖြေရှင်းတဲ့ နည်းလမ်းတွေက အလွန် ရိုးရှင်းပေမယ့် စတင် လေ့လာသူများအတွက် ဒီ ရိုးရှင်းတဲ့ ဖြေရှင်းဖို့ နည်းလမ်း များကို လေ့လာထားခြင်းအားဖြင့် Professional Power BI Report တခု ဖန်တီးတဲ့အခါ အများကြီး အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။
နည်းလမ်းတွေက အခြေအနေ ပေါ်မူတည်ပြီး နည်းလမ်း တစ်ခု မဟုတ် တစ်ခုလိုအပ်ကြမှာ ဖြစ်ပါတယ်။
တတိယ နည်းလမ်းလေးကတော့ အားလုံးကို သေချာ မှတ်မိစေချင်တာမို့ အဆုံးထိ လေ့လာပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
Report တွေ ဖန်တီးကြပြီ (ဒါမှမဟုတ်) Report တွေ ကြည့်ပြီး Monitor လုပ်ရပြီဆိုရင်
ကိုယ့်လုပ်ငန်းမှာ တစ်လနဲ့ တစ်လ ဘယ်လို ထူးခြား ကွာခြားနေကြသလဲ၊
ဘယ်လို အခြေအနေ တွေရှိနေပြီလဲ ဆိုတာ မျိုးက မပါမရှိ ပါရတဲ့ အစိတ်အပိုင်း လေးပါ။
ဒီလို မပါမဖြစ် ဖန်တီးဖို့ လိုအပ်တဲ့ ဒီ အစိတ်အပိုင်းလေးကို Power BI Report ပေါ် မှာ လတွေကို အစဥ်အလိုက် နဲ့ ပေါ်လာနိုင်အောင် လုပ်ဖို့က အခက်အခဲ လေးရှိတတ်ပါတယ်။
အထူးသဖြင့် Power BI ကို စတင် လေ့လာခါစ သူတွေအတွက် ပညာသားလေး အနည်းငယ် ပါလာပါတယ်။
ဘာကြောင့်လဲ ဆိုတော့ အရင် Excel မှာ Report ဖန်တီးတုန်းကဆိုရင် လ တွေကို အစဥ်အလိုက် ပေါ် ဖို့က ဘာမှ ထူးခြားတဲ့ အရာ မဟုတ်ပါဘူး။
ဒီတိုင်းလေး Cell အကွက်တွေ ပေါ်မှာ လတွေ ကို အစဥ်အလိုက် ရိုက်ထည့်တာမျိုးနဲ့တင် အဆင်ပြေပါတယ်။
Power BI မှာကတော့ Excel က Cell အကွက်တွေလို တည်ရှိနေတာမျိုး မဟုတ်တဲ့အတွက် Power BI Report ကိုဖန်တီးခါစ သူတွေအတွက် ပညာသား ပါလာပါတယ်။
အထူးသဖြင့် ပထမဆုံး မိမိရဲ့ လုပ်ငန်းမှာ Power BI Report စတင် ဖန်တီးတဲ့အချိန်မှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲ တခုကတော့
ကိုယ့်ရဲ့ Data နာမည်တွေ က ကိုယ့် လိုချင်သလို အစဥ်အတိုင်း မပေါ်တာပါပဲ။
ဥပမာ -
ကိုယ်က Brand Data တွေ ကို ကိုင်တွယ်ပြီး Report ဖန်တီးတယ်ဆို ကိုယ့်လုပ်ငန်းမှာ အကောင်းဆုံး၊ အမြင့်ဆုံး Brand ကို အပေါ်ဆုံး မှာ ပြချင်တာမျိုးတွေ
သို့မဟုတ်
နောက်တခုက Tutorial Video ကလို လုပ်ငန်းရဲ့ အရောင်းဌာနခွဲတွေ ကို Report ထဲမှာ ပြချင်ပြီဆိုရင် ရန်ကုန်တို့၊ မန်းလေး တို့ ကို ဦးစွာ ပြချင်တာမျိုးတွေပါ။
Power BI မှာ အခြေခံ ခိုင်မာဖို့အတွက် စတင် လေ့လာခါစ သူတွေ အများစု မလုပ်ဖြစ်ကြတဲ့ အရာတခု ရှိကြပါတယ်။
အဲ့ဒါကတော့ လွယ်ကူတဲ့ Measure Formula တွေကို အစကတည်း သေချာ အရေးတကြီး ရေးဖို့ လိုအပ်တဲ့အချိန်မှာ မရေးမိကြတာပါပဲဖြစ်ပါတယ်။
အလွယ်တကူနဲ့ပဲ Power BI ရဲ့ Built In Feature တခုကိုပဲ အသုံးပြုပြီး Auto Calculation လုပ်ကာ Power BI Report ကို ဖန်တီးကြတတ်ပါတယ်။
အဲ့လိုမျိုး ဖြစ်လာတဲ့အခါ Power BI ကို အဆင့်မြင့်မြင့် နဲ့ Analyze ဆက်လုပ်နိုင်ဖို့အတွက် အဟန့်အတား ဖြစ်သွားစေပါတယ်။
ဒါကြောင့် ဒီနေ့ Tutorial လေးမှာ Exchange Rate Data တွေကို အခြေခံပြီး ဥပမာ ပြထားတဲ့ Case လေးနဲ့အတူ Measures Formula ရဲ့ အရေးကြီးတဲ့ သဘော သဘာဝ လေးတွေကို တီးခေါက်ထားတဲ့ ဒီ Video လေးကို Sharing လုပ်လိုက်ပါတယ်။
Power BI ကို စတင် အသုံးပြုသူတိုင်း တော်တော် များများ ကြုံတွေ့ တတ်တဲ့ Error ပါ။ ဘာလဲဆိုတော့ ပထမဆုံး ကိုယ် Report တည်ဆောက်တုန်းက data source File တွေ၊ Folder တွေကို နေရာပြောင်းမိလို့ပါပဲ။
ကိုယ်အနေနဲ့ ကိုယ့် computer ထဲမှာ Files တွေ Folder တွေ အမှတ်မထင် နေရာပြောင်းမိရင်းနဲ့ က Power BI Report မှာ Error လာဖြစ်သွားတာကို ဘယ်လို ဖြေရှင်းမလဲ လေ့လာနိုင်ပါတယ်
တကယ့်တော့ ဒီ tutorials videos လေးက Beginners Level အထက်မှာ ရှိတဲ့ နည်းနည်းလေး ပိုအဆင်မြင့်တဲ့ tutorials ပါ။
ဒါပေမဲ့ Features မျိုးစုံကို အကြမ်းဖျင်း အများကြီးလေ့လာနိုင်ပြီး အခေါက်ခေါက် အခါခါ လေ့ကျင့်ပြီးရင်တော့ လွယ်ကူ ကျွမ်းကျင်သွားပါလိမ့်မယ်။
ကိုယ်တွေ အရင်က Excel နဲ့ Report ပြင်နေတာထပ် Power BI နဲ့ Report ပြင်တာက အများကြီး effective ဖြစ်၊ အချိန်တွေလည်း အများကြီး သက်သာစေတာကို သိသာမြင်သာစေပါတယ်။
Power BI ရဲ့ Auto Detection လုပ်နိုင်တဲ့ Query Editor ရဲ့ Abilityတခုနဲ့ အလွယ်တကူ ဘယ်လို ဖြေရှင်းနိုင်မလဲ ကို လေ့လာနိုင်မှာပါ။
အားလုံး ကိုယ့်လုပ်ငန်းကိုယ်ဆီမှာလည်း ဒီလို ID တွေက Zero နဲ့ စတဲ့ ID တွေ ရှိနိုင်တဲ့အတွက် ဒီ Tutorial ကနေ အကျိူးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Power BI Data analyze လုပ်တဲ့အခါ Format ကျအောင် Column ကို Row ပြောင်းချင်တယ်။ Row ကို Column ပြောင်းချင်တယ် စသဖြင့် Query Editor မှာ လုပ်နိုင်တဲ့ Features လေး တွေ sharing လုပ်လိုက်ပါတယ်။
လုပ်ငန်း ရဲ့ data files တွေမှာ customer name တွေရှိတယ်။ ပြီးတော့ အရောင်းတွေကို လတွေနှစ်တွေနဲ့ column မှာရှိနေတယ်။ အဲ့တော့ လတွေ နှစ်တွေကို column ကနေ Row ပြောင်းဖို့လိုတယ်။
နောက်ထပ်လည်း လုပ်ငန်းမှာ လတွေ နှစ်တွေ နဲ့ data ကို store လုပ်တယ်၊ analyze လုပ်တယ်။ date အထိ တရက်ချင်းဆီ store မလုပ်ဘူး။ အဲ့တော့ Calendar Master နဲ့ ချိတ်ပြီး relationship လုပ်ဖို့ ခက်ခဲတယ်။ ဘယ်လို Work Around လုပ်နိုင်သလဲ ကို video ထဲ မှာ အသေးစိတ် sharing လုပ်ထားပါတယ်။
ကိုယ့်လုပ်ငနိး data set မှာ Text Type စာသားဖြစ်တဲ့ data တွေ ကို ကိုယ်လိုချင်သလ်ို Query Editor မှာ ဘယ်လို ကိုင်တွယ် ဖြေရှင်းနိုင်သလဲ စသဖြင့် လေ့လာနိုင်အောင် sharing လုပ်ထားပါတယ်။
ကိုယ်ရဲ့ Excel File က Date မှာ ရက်/လ/နှစ် ဆိုတဲ့ Date ပုံစံက Manual ရိုက်ထားတာမျိုး ဖြစ်ပြီး Power BI နဲ့ ချိတ်ဆက် Connect လုပ်တဲ့အခါ Error တက်ကြပါတယ်။
ဒီလို ပုံစံမျိုးက အတော်အများလည်း ကြုံတွေ့နိုင်ကြပါတယ်။
အလုပ်ခွင်မှာ Report တွေ Update ရဖို့အတွက် ပေးရတဲ့အချိန်တွေက အရမ်းနှမြောစရာ ကောင်းပါတယ်။
ဒီလို နှမြောစရာအချိန်တွေ မကုန်ရအောင်၊ Analyze လုပ်ရတဲ့အခါလည်းအများကြီးပိုပြီးအထောက်အကူရအောင် Power BI ကို အခုပဲ စတင်လေ့လာလိုက်ရအောင်။
Power BI ကို လေ့လာတတ်မြောက်ခြင်းဖြင့် မိမိရဲ့ အရင်လို Excel နဲ့ ကုန်ခဲ့ရတဲ့အချိန်တွေ ( ကိုယ်ပိုင်အချိန်တွေပါဖဲ့ပေးနေရတဲ့အထိ ကုန်ရတဲ့အချိန်တွေ ) အများကြီး သက်သာစေနိုင်တဲ့အတွက် နေ့စဉ် လုပ်ငန်းခွင်မှာ Productivity တက်အောင်လည်း အထောက်အကူ ပြုပါလိမ့်မယ်။
ဒါ့အပြင် လုပ်ငန်းခွင်တိုင်း အားလုံး တဖြည်းဖြည်း အသုံးပြုလာပြီဖြစ်တဲ့ Power BI ကို မိမိအနေနဲ့လည်း စတင်လေ့လာမယ်ဆို Beginners' Power BI Online Course မှာ အခုပဲ နဲ့ Join လို့ရနေပါပြီ။
( Course တွေ က Lifetime Access ဖြစ်တဲ့အတွက် ကိုယ် အဆင်ပြေတဲ့အချိန်မှာ လေ့လာနိုင်သလို အလုပ်ခွင် မှာ လိုအပ်တဲ့အချိန်တိုင်း Review ပြန်လုပ်ဖို့လည်း အဆင်ပြေပြန် ပါတယ်။ )
Course ရဲ့ ဖွဲ့စည်း တည်ဆောက်မှုများကြောင့် အခြေခံကစပြီး Professional ကျတဲ့ Power BI Dashboard များကို ကိုယ်တိုင်ကိုယ်ကျ ကိုယ့် Own Creation နဲ့ တည်ဆောက်နိုင်သည်အထိ လေ့လာနိုင်အောင် Exercises ပေါင်း မြောက်များစွာနဲ့ ဖွဲ့စည်းထားပါတယ်။
Course မှာ Modules အနေနဲ့ ၈ ပိုင်း ရှိပါတယ်။
Section 1 မှာတော့ Study Tips တွေရယ် Power BI Desktop Software Download လုပ်နိုင်မယ့် Link နဲ့အတူ Install လုပ်တဲ့နည်းလမ်းများ လေ့လာနိုင်မှာပါ။
Section 2 က Query Editor အပိုင်းပါ။ Excel Files တွေ၊ Excel တွေ ပေါင်းထည့်ထားတဲ့ Folder တွေကို Power BI နဲ့ ဘယ်လို ချိတ်ဆက်နိုင်မလဲ ကို လေ့လာနိုငိမှာပါ။
သူရဲ့ကောင်းကျိုးတွေကတော့ နောက်ပိုင်း Insightful ဖြစ်တဲ့ Interactive Power BI Report ကို ပထမဆုံးတခါ တည်ဆောက်ပြီးတာနဲ့ နောက်လစဉ် Data Update လုပ်ရပြီဆိုရင် Refresh ဆိုတဲ့ button လေးကို တချက် Click လုပ်လိုက်ရုံပါပဲ။ Report တွေ က Auto Update ဖြစ်သွားမှာပါ။
(Excel Report ဖန်တီးရသူတွေ၊ update လုပ်ပေးရသူတွေ အတွက် အလွန် သက်သာပြီး တန်ဖိုးရှိပါတယ်။)
Section 3 မှာ Excel အခေါ်မှာတော့ Formula, Power BI မှာတော့ Measures ကို လေ့လာနိုင်မှာပါ။ Power BI ရဲ့ အဓိက က Analysis Tool ပါ။
Analysis လုပ်ဖို့အတွက် Measures တွေက အလွန်အရေးကြီးပါတယ်။
နောက်ပြီး data တွေ တခုနဲ့တခု ချိတ်ဆက် Analysis လုပ်နိုင်ဖို့ လည်း Data Model ( Relationship ) တွေကို လေ့လာနိုင်မှာပါ။
Section 4 ကတော့ Visualization အပိုင်းပါ။ မည်သို့ပင် Report အတွက် အချိန်ဘယ်လောက်ပေးရပေးရ၊ Analysis တွေ ဘယ်လောက်ပဲ လုပ်ထားလုပ်ထား ကိုယ့်ရဲ့ data တွေကို Communicate လုပ်နိုင်ဖို့လည်း အလွန်အရေးကြီးပါတယ်။
Power BI မှာ Interactive Features ပါတဲ့အတွက် Visualization Chart တစ်ခုနဲ့တစ်ခု ကို Interact ဖြစ်ပြီး Business Insights တွေ လွယ်လွယ်ကူကူ/မြန်မြန်ဆန်ဆန် တွေ့မြင်နိုင်ပါတယ်။
( Boss/CEO/Director/Manager/Senior Executive များအတွက် အလွန်ပင်အရေးကြီးပြီး အထောက်အကူ ဖြစ်စေမှာပါ။)
Section 5 ကတော့ ကျွန်မရဲ့ Members ပေါင်း ၂၀၀၀ ကျော် ကို သင်ကြားပေးပြီးတဲ့အခါ ရရှိလာခဲ့တဲ့ အတွေ့အကြုံကနေ အားလုံးပဲ Power BI ကို စတင်လေ့လာတဲ့အခါ သို့မဟုတ် စတင် အသုံးပြုတဲ့အခါ တွေ့ကြုံတတ်တဲ့ အခက်အခဲများကို ဘယ်လို ကျော်လွှားနိုင်မလဲ ကို လေ့လာသွားမှာပါ ဖြစ်ပါတယ်။
( ဒီလို တွေ့တဲ့ အခက်အခဲများကို ကြိုတင် လေ့လာခြင်းဖြင့် မိမိရဲ့ Power BI ကို သေချာတတ်မြောက်နိုင်မှု အချိန်တွေကို အများကြီး သက်သာစေမှာ ဖြစ်ပါတယ်။ )
Section 6 Project မှာ datasets အသစ်ရှိပြီး ကိုယ့်ရဲ့နားလည်နိုင်စွမ်းကို ပြန်လည် စမ်းစစ်လို့ရအောင် Query Editor ကနေ နောက်ဆုံး Interactive Dashboard ထွက်သည်အထိ ဖန်တီးရမှာပါ။
Section 7 မိမိရဲ့ Power BI Skill ကို ဆက်လက် မြှင့်တင့်ကြမယ် - ဆက်လက်ပြီး Knowledge Expansion အနေနဲ့ Beginners' Level Power BI Demonstration Video တွေကို ကိုယ်အနေနဲ့လည်း ပိုင်ပိုင်နိုင်နိုင် လေ့ကျင့်လေ့လာလို့ရအောင် Exercise Files တွေ စုစည်းထားတဲ့ Unit ပါ။
Section 8 တကယ့် လက်တွေ့ လုပ်ငန်းခွင် အခြေအနေ တွေ နဲ့ Power BI အသုံးပြုပုံများ - ကျွန်မရဲ့ Members များကနေ သူတို့ အလုပ်ခွင်မှာ တကယ့် လက်တွေ့ Apply လုပ်တဲ့အခါ သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် ကြုံတွေ့ရတတ်တဲ့အခက်အခဲများကို စစ်တမ်းကောက်ထားပြီး ပြန်လည် Solution ပေးထားတဲ့ Solution Videos များကို စုစည်းဖန်တီးထားတဲ့ Unit ပါ။
လေ့လာရမှာတွေ အများကြီးပါ။ အခုပဲ စပြီး လေ့လာလိုက်ရအောင်။