Udemy
    •  
    •  
    •  
    •  
    •  
    •  
    •  
    •  
Turn what you know into an opportunity and reach millions around the world.
Learn More
Your cart is empty.
Keep shopping
Search Engine Optimization သင်တန်း for beginners
Rating: 4.5 out of 5(10 ratings)
51 students

Search Engine Optimization သင်တန်း for beginners

SEO အလုပ်လိုချင်သူများအတွက် ဒီ video လေးကို ကြည့်ပြီး Basic နားလည်အောင် လုပ်လိုက်ပါ။
Created byThet Paing Phyo
Last updated 10/2024
Burmese

What you'll learn

  • SEO ဆိုတာဘာလဲ?
  • Keyword Research ဆိုတာဘာလဲ?
  • On-Page SEO ဆိုတာဘာလဲ?
  • SEO ရဲ့ basic တွေကဘာတွေပါလဲ?

Course content

1 section • 7 lectures • 42m total length
  • သင်တန်းထဲမှာပါရှိသော lessons များ0:54
  • ကျွန်တော်က ဘယ်သူလဲ။2:11

    Who Am I: I am an SEO Expert working and living in Bangkok, Thailand. The purpose of this course is to let all Myanmar people know about the basic foundation of what SEO is, so that you can decide whether to choose this career or not.

  • SEO ဆိုတာဘာလဲ?6:21

    In this lecture, I explain why SEO is important for all kind of businesses, and why the career for SEO will never end.

  • Keyword ဆိုတာဘာလဲ?11:16

    In this lecture, I introduce you to the main concept of SEO: Keywords.

  • On-Page SEO ရဲ့အရေးကြီးတဲ့ အချက် (၃) ချက်7:42
  • အခြားသိသင့်သော On-Page SEO11:57
  • နောက်ထပ် ဘာတွေ သင်သင့်လဲ?1:45

Requirements

  • လေ့လာသင်ယူချင်သောစိတ်ရှိရင် သင်တန်းလေးကို တက်လိုရပါတယ်။

Description

ဒီ သင်တန်းလေးဟာဆိုရင်တော့ SEO Career ကို လုပ်ချင်သူ၊ Digital Marketing လုပ်ချင်သူများအတွက် ဖြစ်ပါတယ်။ မြန်မာလိုမျိူးသင်ထားတာဖြစ်တာကြောင့်နားလည် လွယ်ကူပြီးတော့ သေသေချာချာလည်း Basic သိသွားမှာပါ။ စီးပွားရေးလုပ်ငန်းပိုင်ရှင်၊ အနာဂတ် ဒီဂျစ်တယ် မာကက်တာ သို့မဟုတ် SEO ကို စိတ်ဝင်စားနေသူတစ်ယောက်ဖြစ်ပါစေ၊ ဒီသင်တန်းက သင်ကို စတင်ရန်လိုအပ်တဲ့ အခြေခံအသိပညာကို ပေးသွားမှာဖြစ်ပါတယ်။

ကျွန်တော်ဟာ ဆိုရင်တော့ ဘန်ကောက်မြို့မှာ SEO Career လုပ်နေတာ ၂နှစ်ကြော် ပြီဖြစ်ပြီး ရထားတဲ့ အတွေ့ အကြုံများကို sharing အနည်းငယ် လုပ်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော့် နာမည်ဟာ ရဲမာန်ပြည့် ဖြစ်ပြီး SEO Expert လုပ်နေပြီးတော့ clients များစွာနဲ့လည်း Working Experience ရှိပါတယ်။ ဒီ သင်တန်းလေးလုပ်ရတဲ့ purpose လေးက တော့ မြန်မာမှာ ရှိသော office workers များ ပိုပြီးပိုက်ဆံ ဝင်နိုင်သော skill များသင်ပေးပြီး ပိုမိုကောင်းမွန်တဲ့ lifestyle ရသွားအောင်အတွက်ပါဗျ။


သင်တန်းလေးမှာ SEO ဆိုတာဘာလဲဆိုတာနဲ့ စတင်ပြီး ရှင်းမယ်၊ စီးပွားရေးပိုင်ရှင်တွေ အတွက် ဘာလို့အရေးကြီးတယ်၊ ဒီ skill က အမြဲ on-demand ဖြစ်နေမလဲ၊ Basic SEO ဟာလေးတွေကိုပါ ရှင်းပြသွားမှာဖြစ်ပါတယ်။

ထို့နောက် SEO အတွက် အရေးကြီးသော ကီးဝတ်ရှာဖွေမှု (keyword research) အပိုင်းကို ဆွေးနွေးသွားပါမယ်။ Website အတွက် အထူးသင့်တော်တဲ့ keywords တွေကို ဘယ်လိုရှာရမလဲ၊ အဲဒီ keywords တွေကို သင့်အကြောင်းအရာမှာ ထည့်သွင်းရေးသားတာကို ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ယူပါမယ်။

နောက်ဆုံးအနေနဲ့ On-page SEO အပိုင်းမှာ အခြေခံအချက်တွေကို သင်ယူပါမယ်။ Website မှာ တစ်ခုချင်းစီသော Title tags, Meta descriptions, Header tags နဲ့ Image alt text တွေကို ဘယ်လိုထည့်သွင်းရမလဲဆိုတာကိုလည်း သင်ခန်းစာများဖြင့် လမ်းညွှန်ပေးပါမယ်။

ဒီသင်တန်းပြီးဆုံးချိန်မှာတော့ SEO ရဲ့ အခြေခံကို နားလည်ပြီး သင့်ဝဘ်ဆိုဒ်ကို ပိုမိုကောင်းမွန်စွာ အော့ပတီမိုက်ဇေးရှင်းလုပ်နိုင်ပြီဖြစ်မယ်။ ဒါ့အပြင် သင်ဟာ သင့်ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်နိုင်မယ် သို့မဟုတ် အခြားသူများကို ကူညီပေးနိုင်မယ့် အခြေခံကျတဲ့ SEO စွမ်းရည်တွေကို ရရှိမယ်။


SEO ဆိုတာ အခြားနိုင်ငံခြားမှာဆိုရင် အလုပ်မျိုးဆုံ လည်းရနိုင်တယ်၊ Freelance လုပ်ချင်လည်း ရနိုင်တယ်ပေါ့နော်။


SEO ကိုတကယ် serious လုပ်ချင်တော သူများလည်း ကျွန်တော့် ကို Udemy မှာ message ပို့လို့ ရပါတယ်ဗျ။ ကျွန်တော် တက်နိုင်သလောက် ကူညီပေးပါမယ်ဗျ။


ဒီ ပညာဟာ အချိန်ပေးပြီးလုပ် ရတမို့လို့ စိတ်ရှည်ရှည် ထားပြီး လုပ်ဖို့ ကျွန်တော် Advice ပေး ပါတယ်။ အားလုံးပဲ Good Luck and Fighting ပါ! သင်တန်းကို ကြိုက်တယ်ဆိုရင် လည်း review လုပ်ခဲ့ပေးပါဗျ။

Who this course is for:

  • Search Engine Optimization အကြောင်း သိချင်သူများအတွက်
  • SEO အလုပ် လိုချင်သူများအတွက်