
Facebook ဘယ်လို အလုပ်လုပ်သလဲ
ဒီနေ့အတွက် လေ့ကျင့်ခန်း လုပ်စရာ မလိုပါ။ Video ကို နားလည်အောင် ပြန်ကြည့်ဖို့သာ လိုပါသည်။
သိထားရမယ့် စကားလုံးများ နှင့် အဓိပ္ပာယ်များ
ဒီနေ့တော့ အဓိကအားဖြင့် Reach, Engagement, Impression, Frequency, Cost Per Result ဒီစကားလုံးတွေကို ကြေညက်အောင် လေ့လာထားဖို့ပါပဲ။
Ad တစ်ခုရဲ့ အဆင့် (၃) ဆင့်
လေ့ကျင့်ခန်း : Campaign အောက်မှာရှိတဲ့ Objective တွေ ဘာတွေရှိသလဲ သိအောင် Ads Manager ကနေ ဝင်ကြည့်ပါ
Ad Sets အောက်က အရေးကြီးတဲ့ Audience အကြောင်း
လေ့ကျင့်ခန်း ၁ : Detail Targeting အောက်က ကိုယ့်လုပ်ငန်းနဲ့ ဆိုင်သမျှ Targeting Option တွေအကုန်လုံးကို သိအောင် လုပ်ပါ
လေ့ကျင့်ခန်း ၂ : Targeting Option တွေကို သုံးပြီး မတူညီအောင် ဘယ်လိုကြော်ငြာမလဲ Brainstorm လုပ်ပါ
Ad Set နဲ့ Ad အကြောင်း
လေ့ကျင့်ခန်း : မတူညီတဲ့ Ad Type တွေ ဘာတွေ ရှိလဲ သိအောင်လုပ်ပါ၊ Dark Ads တစ်ခု စမ်းဖန်တီးကြည့်ပါ
ပြိုင်ဘက် ကြော်ငြာတွေကို လိုက်ကြည့်ဖို့ နည်းလမ်း (၂) ခု
လေ့ကျင့်ခန်း : Competitor 2 ယောက်ကို Ad Library သုံးပြီး ကြည့်ကြည့်ပါ
Ads Manager မှာ စောင့်ကြည့်ရမယ့် နေရာ (၃) ခု
လေ့ကျင့်ခန်း : သင့်ကြော်ငြာရဲ့ နောက်ဆုံး Run ခဲ့တဲ့ ၁ လအတွင်း Data များကို ပြန်ကြည့်ပါ
And/Or နည်းလမ်းကို သုံးပြီး ကြော်ငြာနည်း
လေ့ကျင့်ခန်း : And/Or Method ကို သုံးပြီး ကြော်ငြာ Run ပါ
Bottleneck Strategy ကို သုံးပြီး ကြော်ငြာနည်း
လေ့ကျင့်ခန်း : Bottleneck Strategy နဲ့ ကြော်ငြာ Run ပါ
Lookalike Audience ဖန်တီးတည်ဆောက်
နည်း
လေ့ကျင့်ခန်း : သက်ဆိုင်ရာ Lookalike Audience များ ဖန်တီးထားပါ
Video ကိုအသုံးပြုပြီး target ရှာနည်း
လေ့ကျင့်ခန်း : Video တစ်ခု ဖန်တီးပြီး Advertising Campaign တစ်ခု ဖန်တီးပါ
အထိရောက်ဆုံး Campaign Strategy
လေ့ကျင့်ခန်း : Advanced Campaign Strategy ကို သုံးပြီး Campaign ဖန်တီးပါ
Payment နဲ့ Billing အကြောင်း
DBS Myanmar ကို သင်တန်းသား ၂၇၀၀၀ ကျော်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ Advertising Strategy တွေကို သင်ကြားပေးမယ့် Facebook Advertising Course
Facebook မှာ ကြော်ငြာတွေ Run ပြီး စီးပွားရေးလုပ်ငန်းနေသူများ
Facebook Advertising ပိုင်း လေ့လာပြီး အလုပ်လုပ်ချင်သူများ
Digital Marketer များ လုပ်ငန်းရှင်များ
Online Shop လုပ်နေသူများ မဖြစ်မနေ တက်သင့်ပါတယ်။
အထူးသဖြင့် နိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်လိုသူများအတွက် ရွေးချယ်စရာ Career လမ်းကြောင်းတစ်ခုအဖြစ် လေ့လာနိုင်သလို Freelancer အဖြစ် အသက်မွေးလိုသူများအတွက်လဲ သင့်လျော်ပါတယ်။
သင်တန်းကာလ (၂) ပတ်အတွင်းမှာ နေ့စဉ် လေ့ကျင့်ခန်းများ လက်တွေ့လုပ်ဆောင်မှုများနဲ့ လေ့လာသွားရမှာဖြစ်ပါတယ်။ Video များကို 4K Quality ဖြင့် ကြည်လင်ပြတ်သားစွာ ရိုက်ကူးပေးထားပြီး နားလည်လွယ်စေမည့် အသုံးအနှုန်းများဖြင့် ရှင်းပြပေးထားပါတယ်။
Facebook Advertising ပိုင်းကို အခြေခံ ကြော်ငြာဖန်တီးနည်းများမှ စတင်ပြီး
Competitor တွေရဲ့ ကြော်ငြာတွေကို လိုက်ကြည့်လို့ရတဲ့ နည်းလမ်း (၂) ခု
Audience ကို အခြေခံမှသည် အထိရောက်ဆုံး အဆင့်မြင့်ဆုံး ရွေးချယ်လို့ရတဲ့ နည်းလမ်းတွေ
Ads Manager မှာ မဖြစ်မနေ စောင့်ကြည့်ရမယ့် အချက် (၃) ချက်
Ads Run ရာမှာ သိသင့်တဲ့ And/Or Method
Audience ကို ထိရောက်အောင် ရွေးချယ်နိုင်တဲ့ Bottleneck Strategy
အကိုက်ညီဆုံး Target အထိဆုံးဖြစ်အောင် ကြော်ငြာနိုင်တဲ့ Video Advertising Strategy
ကျနော်တို့ရဲ့ အကောင်းဆုံး အထိရောက်ဆုံး ကြော်ငြာနည်းလမ်းဖြစ်တဲ့ Advanced Campaign Strategy
စတဲ့ သင်ခန်းစာများ စုံစုံလင်လင် ပါဝင်မှာ ဖြစ်ပါတယ်။
သင်တန်းကို သင်ကြားပေးတဲ့ ဆရာဦးအောင်မွန်ချမ်းဟာ Ooredoo Myanmar ရဲ့ Head of Digital Marketing အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သင်တန်းသားပေါင်း 27000 ကျော်ရှိတဲ့ Digital for Business Success ရဲ့ တည်ထောင်သူဖြစ်ပါတယ်။ YouTube မှာ Subscriber 220000 ကျော်ဖြင့် အောင်မြင်သော YouTuber တစ်ယောက်ဖြစ်ပြီး အပြင်သင်တန်းသားလဲ 1000 ကျော်ထိ သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီသင်တန်းကို Facebook မှာ Batch (3) ခုထိ ရောက်ရှိအောင် သင်ကြားပေးခဲ့ပြီဖြစ်ပြီး သင်တန်းသားများလဲ ရလဒ်ကောင်းများစွာ ရရှိခဲ့ပြီးဖြစ်ပါတယ်။
သင်တန်းပြီးဆုံးပြီး သင်ခန်းစာများကို သေချာစွာ လေ့လာပြီးပါက Facebook Advertising ပိုင်းမှာ အရင်ထက် ရလဒ်တွေ ပိုကောင်းလာဖို့ အာမခံပါတယ်
သင်တန်းအကြောင်း
ဘာသာစကား : မြန်မာ
ကြာချိန် : ၁၄ ရက်
Format: Video သင်ခန်းစာများ နှင့် နေ့စဉ်လေ့ကျင့်ခန်းများ
Facebook Advertising ကို ကျွမ်းကျင်အောင် လေ့လာနိုင်ဖို့ အခုပဲ သင်တန်းကို join လိုက်ပါ။
See you in the class.